ကျန်းမာရေးဆိုင်ရာဆောင်းပါးများနှင့် ဗဟုသုတရဖွယ် အကြောင်းအရာများအားစုစည်းပေးထားသောဘလော့လေးတစ်ခုဖြစ်ပါတယ်

ဆေးဖက်ဝင်တဲ့ ဖလံတောင်ဝှေးပင်လေးများ


သူ့ ပင်ကိုယ်သဘာဝက ဆေးစွမ်းထက်တာကြောင့်လည်း နားပြည်ယို၊ နားကိုက်ခြင်းအ တွက် ဖလံတောင်ဝှေးအပင်ရဲ့ အပ်ါယံ အခွံကိုခွာ နွမ်းယုံလောက်မီးကင်၍ အအေးခံပြီး တဲ့အခါ အ ရည် ညှစ်ယူထားပါ။ ရလာတဲ့ ထိုဖလံတောင်ဝှေးသတ္တုရည် ၄-စက်ခန့်ကို နားထဲ့သို့  တစ်နေ့  ၅-ကြိမ် မျှထဲ့ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေ ပါတ ယ်။
ရှေးလူကြီးများက ဖလံေ တာင်ေ ၀ှးပင် ရဲ့  မြစ်ကို ထောင်း ထု၍ နှာေ စး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ၊ လေနာ၊ အရေပြားေ ရာဂါ၊ မြွေကိုက်ခြင်း တို့ အတွက် ဆေးမြီး တိုအဖြစ်ကုသလေ့ ရှိပါတယ်။ ဒါတင်မ ကသေးပါဘူး။ အမျိုးသမီးရောဂါမျာြး ဖစ်ကြ တဲ့ သားအိမ်လျော၊ သားအိမ်ကျ၊ သားအိမ် အမျိုး သားရောဂါများဖြစ်ကြတဲ့ အူကျခြင်း၊ တိုနာရောဂါတို့အတွက် ဖလှံတောင်ဝှေးကို အခြောက်လှန်း အမှုန့်ပြု ၍ အုန်း ဆီနှင့် ရောဖျော်ပြီး စအိုနှင့် ဆီးစပ်ပေါ်ကို လိမ်းထားခြင်းဖြင့် ချမ်းသာရ ရစေ နိုင် ပါတယ်။ ဒါ့ပြင် အမျိုးသမီး(အပျိုကြီး) တွေမှာဖြစ်တတ်တဲ့ ရင်းသားအဆီ ကျိတ် ဖု အတွက် ဖလှံေ တာင်ဝှေးပင် အနုအရင့်တွေကို ထုခြေ၍ အကျိတ်ပေါ်အုံပေးပြီး အ၀တ်
စည်းပေးခြင်းဖြင့် အကျိတ်ကျေစေပါတယ်။
တစ်နှစ်မှ တစ်ကြိမ်သာပေါ်တဲ့ ရာသီစာ ဖလံတောင်ဝှေးကို ဆေးဖက်ဝင်အောင်ချက်ေ ကျွးချင် တယ် ဆိုရင်ဖြင့်....
(၁) နို့ တိုက်မိခင်များမှာ ဖြစ်လေ့ရှိတဲ့ နို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ြ ခင်း၊ နို့ချောင်း ပိတ်ခြင်း၊ သကျည်း ကိုက်ခြင်း စတဲ့ ပြဿနာများအတွက် ဖလှံတောင်ဝှေးကို မကြာ ခဏဟင်းခါးချက်စားပေးပါ။
(၂) နှမ်းဆီစစ်စစ်ဖြင့်ကြော်ပါ။ ချောင်းဆိုးရောဂါ နှင့် နှလုံးအားနည်း၍ နှလုံးတုန်ရောဂါ တို့ကို သက် သာစေနိုင်ပါတယ်။
(၃) ငါးခူ နှင့်ရော၍ချက်စားပါ။ ကာမအားကို တိုးပွားစေနိုင်ပါတယ်။
(၄) ငါးသိုင်း (သို့ မဟုတ်) ပုစွန်နှင့်ရော၍ချက်စားပါ။ သွေးဝမ်းရောဂါကို ပျောက်စေပါ တယ်။
(၅) အမဲသားနှင့်ချက်စားပါ။ ဆီးရွှင်၍ ကျောက်ကပ်ကို ကျန်းမာစေပါတယ်။
(၆) ရေကြက်သားနှင့် ချက်စားပါ။ ဆီးကျောက်တည်၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးအားနည်း၊ ဆီး ကျန်၊ ဆီးဝါခြင်းတို့ကို ပျောက်ကင်း စေနိုင်ပါတယ်။
(၇) ပုစွန်စုတ်ဖွား(ပုစွန်စိပ်) လေးတွေဖြင့်ကြော်စားပါ။ လိပ်ခေါင်းသွေးကျခြင်း ကိုသက်သာ စေပါတယ်။
(၈) ကင်ပွန်းချဉ်ရွက်ဖြင့် ရောကြော်စားပါ။ ဆံပင်ဖြူခြင်း နှင့်သွေးဆုံးကိုင်ဝေဒနာကို သက် သာစေပါတယ်။
(၉) ဖလံတောင်ဝှေးက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် မကြာခဏ ချက်စားပေးခြင်းဖြင့် ၀မ်း ချုပ်ခြင်းကို မဖြစ်စေတော့ပါဘူး။
(၁၀) အမျိုးသားများ ဒူလာရောဂါအတွက်ကိုတော့ လက်တစ်ဆုပ်စာပမာဏရှိတဲ့
ဖလံတောင်ဝှေး အပင်နှင့်အမြစ်
တို့ကို သုံး ခွက် တစ်ခွက်တင်ကြိုသောက်၍သော်
လည်းကောင်း၊ ဖလှံတောင်ဝှေးအမြစ်ဥကို ချင်း၊ သကြားနှင့် ရောကြို၍သော်လည်းကောင်း တစ်နေ့  ၂-ကြိမ် သောက်ပေးသင့်ပါတယ်။
(၁၁) အထိုင်များ၍ ခါးနာခြင်းတတ်သူများ နှင့် ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးသူများ အတွက် ဖလှံတောင်ဝှေး ပဉ္စငါး ပါး (ပင် စည်၊ အမြစ်၊ အရွက်၊ အပွင့်၊ အမြစ်ဥ) တို့ကို
ငရုတ်ေ ကာင်း ၂-စေ့ထည့်၍
ဆူပွက်နေအောင်ကျိုချက်ပြုတ်ကာ သောက် သုံးနိုင်ပါတယ်။
(၁၂) နာလန်ထစလူနာများအတွက် ဖလှံတောင်ဝှေးပင်ကို အခြောက်မှုန့်ပြု၍ ပျား ရည် ၊ ထော ပ တ်နှင့်တေ၍ ညအိပ်ယာဝင်ခါး နီးတိုင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း
မှန် မှန်စားသုံးေ ပးခြင်းဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပင် သိသိသာသာ ခွန် အား ပြည့် လာစေပါတယ်။


အပေါ်ကဆေးနည်းကို 
စာအုပ်လုပ်ပေးထားပါတယ်
လိုချင်တယ်ဆိုရင်အောက်လင့်မှာယူသွားလိုက်နော်.
စာအုပ်ဒေါင်းရန်--DOWNLOAD
Share:

Categories