ကျန်းမာရေးဆိုင်ရာဆောင်းပါးများနှင့် ဗဟုသုတရဖွယ် အကြောင်းအရာများအားစုစည်းပေးထားသောဘလော့လေးတစ်ခုဖြစ်ပါတယ်

  • This is default featured slide 1 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

ဆေးဖက်ဝင် ကြက်ဟင်းခါးပင်

မြန်မာဆေးကျမ်း များ အလိုအရ ခါး၏ ၊ စပ်ရှားရှားရှိ၏ ။ အေး၏ ၊ ကြေကျက်လွယ်၏ ၊ ၀မ်းကို သက်စေ၏ ၊ ပိုးကို နိုင်၏ ၊ ဆာလောင်ခြင်းကို ဖြစ်စေတတ်၏ ၊ သည်းခြေသလိပ်ကို နိုင်၏ ။ မျက်စိရောဂါ ၊ ယောနိ၌ ဖြစ်သောရောဂါများ ၊ သွေးအားနည်းခြင်း ၊ ဆီးနှင့် စပ်သောရောဂါများကို ပျောက်စေသည်။
 ►အရွက်အသုံးပြုပုံ
Share:

ဆေးဖက်ဝင် နနွင်းပင်

မြန်မာ ဆေးကျမ်း များအလို အရ နနွင်း သည် ပူ၏။ စပ်ရှားရှား အရသာ ရှိ၏။ ခါးသက်၍ ဆိမ့်သော အရသာ အနည်းငယ် ရှိ၏။ ကိုယ်ရေ နွေးစေ၏။ ပူသော ဂုဏ်သတ္တိ ရှိ၏။ လေကို နိုင်၏။
Share:

ဆေးဖက်ဝင် မန်ကျည်းပင်

 
မြန်မာ ဆေးကျမ်းများ အလိုအရ မန်ကျည်းပင် သည် ပူ၏ ၊ချဉ်၏ ၊ သည်းခြေကို ဖြစ်စေ တတ်၏ ၊ သလိပ်ကို ပွားစေ ၏ ၊ လေကို နိုင်၏ ၊ အရွက်သည် ရောင်တင်း ခြင်း ၊ သွေးဖောက် ပြန်ခြင်း ၊ နားရောဂါ ၊ မျက်စိ ရောဂါ ၊ မြွေဆိပ် သင့်ခြင်း တို့ကို နိုင်၏ ။အသီးစိမ်း သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊သည်းခြေနှင့်
Share:

ဆေးဖက်ဝင် သံပရာပင်


မြန်မာ ဆေးကျမ်းများ အလိုအရ သံပရာ သီးသည် ချဉ်၏၊လေကို နိုင်၏ ၊ ၀မ်းမီး တောက်၏၊ ကြေကျက် လွယ်၏။ ရောဂါ ဖြစ်စေ တတ်သော ပိုးကို နိုင်၏ ။နှုတ်ကို မြိန်စေ၏ ။ သလိပ် နာ ၊ လေနာ ၊ အော့အန် ခြင်း ၊ ချောင်းဆိုး ခြင်း နှင့် လည်ချောင်းနာ ၊ ပန်းနာ ၊ အစာမကြေ လေပြည့် ရောဂါ တို့ကို နိုင်၏။  
Share:

ဆေးဖက်ဝင် ငရုတ်ကောင်းပင်

မြန်မာဆေးကျမ်းများအလို အရ စပ်၏ ၊ ပူ၏ ၊ ၀မ်းမီးကို တောက်စေ၏ ။ သည်းခြေကိုဖြစ်စေ၏။ နှုတ်ကိုမြိန်စေ၏  လေသလိပ်ကို ကြေစေ၏  သွေးကိုကြွစေ၏ ။ နို့ရည်ကို ထွက်စေ၏။ 
Share:

ဆေးဖက်ဝင် မြင်းခွာပင်

 
မြန်မာ ဆေးကျမ်းများ အလိုအရ မြင်းခွာရွက် သည် အရသာ ခါး သက်သက် ရှိ၏ ၊စပ်ရှားရှား ရှိ၏ ၊ချို၏ ၊ ထက်မြက်၏ ၊ သလိပ်ကို ပယ်တတ်၏ ၊ အရေပြား ရောဂါ ၊ ယားနာ အဖုအပိမ့် များ ၊ အနာပေါက် ရောဂါ ၊ နူနာ တို့ကို ပျောက်ကင်း စေ၏။ 
 ပဉ္စငါးပါးအသုံးပြုပုံ
၁ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား ၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက် စေ၏ ။
၂ ။ မြင်းခွာရွက် အမှုန့် ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ ၊ အဆုတ်နာ ရောဂါ ပျောက်၏။
၃ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ ရေနံဆီ ဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေး ခြင်းဖြင့် အဆစ်အဆက် တို့၌ ဖြစ်သော လေ အဖု အကျိတ်များ ပျောက်၏။
၎ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်း ပျောက်၏ ၊ ၀မ်းသက် ၍ သလိပ် ကို လည်း ပျောက်၏။
၅ ။ အရေပြား ရောဂါများ အတွက် ၎င်း၏ အရွက် ညှစ်ရည် ဖြင့် လိမ်းကျံ ခြင်း စားသောက် ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏ ။
၆ ။ ကိုယ်တွင် ရုတ်တရက် ထိခိုက် ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်း ခြင်း ၌ ၎င်း၏ အရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းကျံ ပေးက ပျောက်ကင်း၏။
၇ ။ သွေးဝမ်း သွားခြင်း ၊ ဆီးချုပ်ခြင်း ၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌ သွေးပါခြင်း တို့ အတွက် မြင်းခွာ ရွက် ဖျော်ရည် ပြုလုပ် သောက်က ပျောက်၏ ။
၈ ။မြင်းခွာရွက် ကို ငရုတ်ကောင်း ၊ ပျားရည်တို့ နှင့် စပ်၍ သုံးဆောင် က အသက်ရှည် ၏ ။ အနာရောဂါ ကင်း၏ ။
၉။ မြင်းခွာရွက် ကို အားတိုးဆေး ၊ အဆိပ်ပြေဆေး ၊ အနာပေါက် ကုဆေး ၊ မျက်စိနာ ပျောက်ဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။
၁၀။ မြင်းခွာရွက် ကို အခြောက် ပြုလုပ်၍ လက်ဖက်ရည် ခါး သဖွယ် သောက်သုံး ခြင်း ဖြင့် သွေးတိုး ရောဂါ ကို သက်သာ စေ၏ ။
၁၁ ။ မြင်းခွာ ရွက် အစိမ်းကို ကြိတ်၍ အ၀တ်ပါးပါး တွင် ထည့်ပြီး မျက်စိပေါ် တွင် အုံပေးခြင်း ၊ သို့မဟုတ် အရည်ညှစ် ၍ မျက်စိ တွင် ခတ်ပေး ခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာ ခြင်း ၊ မျက်စိကျိန်း ခြင်း များကို ပျောက်ကင်း စေ၏ ။
၁၂ ။ မြင်းခွာရွက် ကို အရိပ်ထဲ တွင် အခြောက်ခံပြီး အမှုန့်ကြိတ် ၍ ပျားရည်နှင့် ဆတူ စပ်ပြီး ညအိပ်ရာ ၀င် ချိန် တွင် လျက်သော် နှစ်ခြိုက် စွာ အိပ်ပျော် စေ၏ ။


အပေါ်ကဆေးနည်းကို 
စာအုပ်လုပ်ပေးထားပါတယ်
လိုချင်တယ်ဆိုရင်အောက်လင့်မှာယူသွားလိုက်နော်.
စာအုပ်ဒေါင်းရန်--DOWNLOAD
Share:

ဆေးဖက်ဝင် သစ်ဆိမ့်ပင်

မြန်မာ ဆေးကျမ်းများ အလိုအရ သစ်ဆိမ့်သည် ခါး ၏ ၊ စပ်၏ ၊ ဖန်၏ ၊ ၀မ်းသက်၏ ၊မျက်စိကို အကျိုးပြု၏ ၊ ဆံပင် ကို တိုးပွား သန်မာစေ၏ ၊ အသံပျက်ခြင်း ၊ သွေးဖောက်ပြန် ခြင်း၊ လည်ချောင်းနာ ၊ မျက်စိရောဂါ ၊ ချောင်းဆိုး ရောဂါ ၊ နှလုံးရောဂါ တို့ကို ကင်းဝေးစေ ၏ ၊ လွန်စွာ စားလျှင် မူးယစ်အော့အန် တတ်၏။
Share:

Categories