သင့်နှလုံးသွေးကြောများပွင့်ရန်သောက်ရ
မည့်ဆေးဖော်ရန် ဆေးအမယ်များနှင့်အချိုး အစား။
၁။ သံပုယိုသို့မဟုတ်ရှောက်သီးအရည် ၁ ခွက်။
၂။ ဂျင်း(ချင်း)အရည် ၁ ခွက်။
၃။ ကြက်သွန်ဖြူ အရည် ၁ ခွက်။
၎။ ပန်းသီးရှာလကာရည် ၁ ခွက်။
အထက်ဖော်ပြပါ အမယ်(၄)မျိုးကိုရော
စပ်၍ မီးအေးအေးဖြင့် မိနစ်(၆၀)ခန့်(သို့) ၎
ခွက်တွင် ၃ခွက်ကျန်သည်အထိကြို ပါ။ပြီး
လျင် အအေးခံထားပါ။ ၄င်းနောက်ပျားရည်စစ်
စစ် ၃ ခွက်ရော နှံ့အောင်မွှေပြီး ဖန်ပုလင်းတွင်
ထည့်၍ သုံးဆောင်နိုင်ပါသည်။
ဥပမာအနေဖြင့်အားလုံးနားလည်လွယ်အောင်ကျွန်တော်ရှင်းပြပေးပါမယ်။
✏ အခွံခွာရလွယ်သောကြက်သွန်ဖြူ ဥတစ်လုံးများအား အခွံခွာ၍ သစ်သီးဖျော်စက်
(Blender) (သို့) ငရုတ်ဆုံတွင်
ကြေညက်နေအောင်ပြုလုပ်ပါ။အကြမ်းပန်းကန်လုံးနီးပါးရလျှင် ရေကျက်အေးဖြင့်
အကြမ်းပန်းကန်လုံးပြည့်အောင်ဖြည့်ပါ၊ Blenderနှင့်ဖျော်မယ်ဆိုရင်
အကြမ်းပန်းကန်လုံးတစ်လုံးစာ ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူတွေကို
အရင်ထည့်ပါ။ ပြီးနောက် ရေသန့်(သို့)ရေကျက်အေး အကြမ်းပန်းကန်တစ်လုံး
အပြည့်ထည့်ပါ။ ပြီးလျှင် ကြေညက်နေအောင် ပြုလုပ်ပေးပါ။
ထိုနည်းအတိုင်းပဲ ဂျင်းကို ရေပြောင်အောင်ဆေး၊ အခွံခွာပြီးပါးပါးလှီးကာ
ညက်အောင်ပြုလုပ်ပေးပါ။အကြမ်းပန်းကန်လုံးပြည့်ရေကျက်အေးနှင့်ရောပါ။နောက်..ရှောက်သီး(သို့)သံပုယိုသီးကိုလည်း
အကြမ်းပန်းကန်လုံး (၁) လုံးပြည့်အောင် အရည်ညှစ်ပေးပါ။ စိတ်ချရအောင်
ပန်းသီးရှာလကာရည်ကို USA/Korea/Italy Brand ထဲမှရွေးချယ်ဝယ်ယူ၍
အကြမ်းပန်းကန်လုံးတစ်လုံး ပြည့်အောင်ထည့်ပါ။ ပြီးနောက်အကြမ်းပန်းကန်လုံး
တစ်လုံးစီတွင် ထည့်ထားတဲ့ အမယ်(၄)မျိုး ကို ရောစပ်ပြီး မီးအေးအေးလေးဖြင့်
(မိနစ် ၆၀ )ခန့် (သို့) အကြမ်းပန်းကန်လုံး ၄ ခွက် မှ အကြမ်းပန်ကန်လုံး (၃)
လုံးခန့်ကျန်သည်အထိ ကြို ပေးပါ။ ပြီးလျင် အအေးခံထားပြီး ပျားရည်စစ်စစ်
အကြမ်းပန်းကန်လုံး (၃) လုံးဖြင့် သမအောင်မွှေ၍
အိမ်ရှိဖန်ပုလင်းတစ်လုံးထဲထည့်ကာ သုံးဆောင်နိုင်ပါပြီ။
များများလိုချင်လျှင် ထိုနည်းအတိုင်း ဆတူတိုး၍ဖော်စပ်နိုင်ပါသည်။
☕ဆေးသောက်ရန်မှာ☕ နံနက်အိပ်ယာထ
ဘာမှမစားရသေးခင် ထမင်းစားဇွန်းနှင့်အ
ပြည့် တစ်ဇွန်းသောက်ရပါမည်။၅မိနစ်လောက်နေမှ ရေသောက်ပါ။ ပြီးလျှင်
စားနေကြအစားအစာများ၊ သောက်နေကြ အခြားဆေးများအား
ပုံမှန်သောက်သုံးလို့ရပါပြီ။
ဤဆေးရည်က သင်၏ပိတ်နေ/ကျ ဉ်းနေသော သွေးကြောများကို ပြန်ဖွင့်ပေးပါလိမ့်မည်။ဆေး၏အရသာမှာလည်း ကောင်းပါသည်။
🍵ပန်းသီးရှာလကာရည်🍵
(Apple Vinegar)ကို Citymart ကဲ့သို့သော စတိုးဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါသည်။
ကျွန်တော်ညီဖော်စပ်သော ထိုက်သူပန်
ဆေးများတွင် ပန်းသီး
ရှာလကာရည်ကို USA/Korea/Italy Brand
များကို အသုံးပြု ဖော်စပ်ထားပါသည်။ အတတ်
နိုင်ဆုံး Myanmar/China/Thailand Brand များကို အရည်အသွေးစိတ်မချသဖြင့် အသုံးမပြုဘူးလို့ သိရပါတယ်။
ကျေးဇူးတင်ပါတယ်။
အလွန်အစွမ်းထက်သောဤဆေးနည်းအား Fb ပေါ်တွင်တင်ပေးခဲ့သောသူအား credit အကြိမ်ကြိမ်ပေး၍သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါရစေ။
အားလုံးအတွက်အလွန်အစွမ်းထက်သောဤနှလုံးသွေး
ကြောပွင့်ဆေးဖော်စပ်နည်းအား
Share ပေးခြင်းဖြင့်ကူညီပေးကြပါ။
အားလုံးအဆင်ပြေကြပါစေ။
အပေါ်ကဆေးနည်းကို
စာအုပ်လုပ်ပေးထားပါတယ်
လိုချင်တယ်ဆိုရင်အောက်လင့်မှာယူသွားလိုက်နော်.
စာအုပ်ဒေါင်းရန်--DOWNLOAD