အရေပြားပေါ်မှ အသားသီးများကို အောက်ပါ သဘာဝဆေးနည်းများဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။
ဆေးနည်း (၁) ကြက်ဆူဆီ
၁။ ကြက်ဆူဆီကို မုန့်ဖုတ်သည့် ဆော်ဒါရည်အနည်းငယ်နှင့် ရောစပ်ကာ ခပ်ပျစ်ပျစ်လေး အနှစ်ရအောင် ရောသမမွှေပါ။
၂။ သံပုရာဆီအနည်းငယ် ထည့်၍ ရောမွှေပါ။
၃။ ၄င်းဆေးအနှစ်ကို အသားသီး၊ အဖု၊ အကြိတ်ပေါ်ကို သုတ်လိမ်း၍ အ၀တ်ပါးပါးဖြင့် စည်းထားပါ။
အနည်းငယ် စပ်ဖျင်းဖျင်းလေး ခံစားရမည်။ စိုးရိမ်စရာမလိုပါ။ ၃ ပတ်မှ ၎
ပတ်ခန့်ထိ နေ့စဉ် လိမ်းပေးပါက အဖုအကြိတ်နှင့် အသားသီးများ
ပျောက်ကွယ်သွားမည်။
ဆေးနည်း (၂) ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကို ဂွမ်းစဖြင့် အနည်းငယ်ဆွတ်ပြီး အသားသီးပေါ်ကို
တိုက်ရိုက်သုတ်လိမ်းပေးပါ။ ဆေးလိမ်းပြီး ၃ မိနစ်ခန့်အကြာမှာ စပ်ဖျင်းဖျင်း
ဖြစ်လာမည်။ ခဏနဲ့ ပြန်ပျောက်ပါမည်။ ၃ ပတ်ခန့် နေ့စဉ် လိမ်းပေးပါက
အသားသီးများ အမြစ်ပြတ် ပျောက်ကွယ်သွားပါမည်။
ဆေးနည်း (၃) လက်ဖက်ဆီ
လက်ဖက်ပင်မှ ဆီကို ၀ါဂွမ်းဖြင့် ဆွတ်ယူပြီး အသားသီးပေါ်ကို လိမ်းပေးပါ။
တစ်နေ့ကို ၂ ကြိမ်နဲ့ ၃ ပတ်ခန့် လိမ်းပေးပါက အသားသီးများ
ပျောက်ကင်းသွားပါမည်။
အပေါ်ကဆေးနည်းကို
စာအုပ်လုပ်ပေးထားပါတယ်
လိုချင်တယ်ဆိုရင်အောက်လင့်မှာယူသွားလိုက်နော်.
စာအုပ်ဒေါင်းရန်--DOWNLOAD