ပဲပင်ပေါက်ဟာ မိမိကိုယ်တိုင် လွယ်ကူရိုးရှင်းစွာ စိုက်ပျိုးနိုင်ပြီး
စိတ်ကြိုက်ချက်ပြုတ်သုပ် စားနိုင်တဲ့
အာဟာရပြည့်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း
အထူးသင့်လျော် ပြီး စိုက်ပျိုးဖို့နေရာလည်း သိပ်မလိုတာကြောင့် မိမိဘာသာလည်း
စိုက်စားနိုင်တဲ့အတွက် အော်ဂင်းနစ် စစ်စစ်ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။
မိတ်ဆွေတို့ရဲ့ ဟင်းအမယ်တွေထဲ
လတ်ဆတ်တဲ့ဟင်းတစ်ပွဲတိုးလာဖို့ ပဲပင်ပေါက်မှ
ရရှိတဲ့အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အစိမ်းစားလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ပဲပင်ပေါက်ဟာ အန်ဇိုင်း
ပါဝင်မှု အများဆုံးဖြစ်ပြီး အဆပေါင်းရာချီပါဝင်တယ်လို့ ဆိုပါတယ်။
အန်ဇိုင်းဟာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုမြန်ဆန်အောင်
လုပ်ပေးနိုင်တဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ ပဲပင်ပေါက်မှာ ပါတဲ့
အန်ဇိုင်းဟာ စားလိုက်တဲ့အစားအစာတွေကို ဗီတာမင်၊ ဓါတ်သတ္တု၊ အမိုင်နိုအက်ဆစ်၊
လိုအပ်တဲ့အဆီဓါတ်တွေ အဖြစ် ခွဲခြမ်းစိတ်ဖြာပေးတဲ့အတွက် အာဟာရတည်ဆောက်ရာမှာ
ပိုမိုထိရောက်စေပါတယ်။
(၂) ပဲစေ့အပါအ၀င် အစေ့အဆန်တွေဟာ အပင်ပေါက်ကလေး စထွက်တဲ့အချိန်မှာ အာဟာရဓါတ်
တိုးပွားလာပါတယ်။ အစေ့လေးတွေကိုရေစိမ်ထားတဲ့အချိန်မှာ ပရိုတင်းဓါတ်တွေ
ပြောင်းလဲသွားပြီး အာဟာရတန်ဖိုးပိုများလာတာဖြစ်ပါတယ်။ ပဲပင်ပေါက်မှာ
ပါဝင်တဲ့ အမိုင်နိုအက်ဆစ် နဲ့လိုင်စင်း ဓါတ်ဟာ အအေးမိခြင်းကို
ကာကွယ်ပေးပါတယ်။
(၃) ပဲစေ့လို အစေ့အဆန်တွေဟာ အပင်ပေါက်ဖြစ်လာတဲ့အခါ အမျှင်ဓါတ်ပါဝင်မှု
အလွန်များ ပါတယ်။ ခန္ဓာကိုယ်ထဲကို ၀င်ရောက်လာတဲ့ အဆီတွေနဲ့ အဆိပ်ဓါတ်တွေကို
မ၀င်ရောက်နိုင်အောင် အတိုင်းအတာတစ်ခု အထိကာကွယ်ပေးပါတယ်။ အူနံရံတွေရဲ့
သွေးကြောများမှတဆင့် အဆိပ်အတောက်တွေကို မစုပ်ယူနိုင်အောင် အမျှင်ဓါတ်တွေနဲ့
ကာပေးတာဖြစ်ပါတယ်။
(၄) ဗီတာမင်ပါဝင်မှုနှုန်း အလွန်များပြီး ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်
စီနဲ့ ဗီတာမင် အီး တို့ပါဝင်ပါတယ်။ အပင်ပေါက်ကလေးဖြစ်လာတဲ့အခါ
ဗီတာမင်ပါဝင်မှု မှာ အစေ့အဆန်တုန်းက ထက် အဆ (၂၀) ပိုလာတယ်လို့ ဆိုပါတယ်။
ပျမ်းမျှအားဖြင့် ပဲပင်ပေါက်ဖြစ်လာတဲ့အခါ ဗီတာမင် B1 က 285% ၊ ဗီတာမင် B2 က
515% နဲ့ နိုင်ယာစင်ဓါတ်က 256% ထိ တိုးလာတယ်လို့ သိရပါတယ်။
(၅) လိုအပ်တဲ့ အဆီဓါတ်တွေလည်း များစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွက်
ကောင်းတဲ့အဆီဟာ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့မကောင်းတဲ့အဆီတွေ၊
မလိုအပ်တဲ့အဆီတွေကို ချေဖျက်ပေးပါ တယ်။
ပဲပင်ပေါက်ကိုများများစားပေးခြင်းဖြင့် အရေးကြီးတဲ့အာဟာရတွေ
များစွာရရှိနိုင်တဲ့အပြင် ကင်ဆာရောဂါကိုပါ ကာကွယ်နိုင်ကြောင်း
မျှဝေတင်ပြလိုက်ရပါတယ်။
အပေါ်ကဆေးနည်းကို
စာအုပ်လုပ်ပေးထားပါတယ်
လိုချင်တယ်ဆိုရင်အောက်လင့်မှာယူသွားလိုက်နော်.
စာအုပ်ဒေါင်းရန်--DOWNLOAD






