ကျန်းမာရေးဆိုင်ရာဆောင်းပါးများနှင့် ဗဟုသုတရဖွယ် အကြောင်းအရာများအားစုစည်းပေးထားသောဘလော့လေးတစ်ခုဖြစ်ပါတယ်

ဆေးဖက်ဝင် ဍရင်ကောက်ပင်


ပုံမှာမြင်နေရတဲ့အပင်ကို ဍရင်ကောက်ပင်လို့ ခေါ်ပါတယ်။ နေရာဒေသပေါ်မူတည်ပြီး အခေါ်အဝေါ်များ အနည်းငယ်စီ ကွဲပြားကြပါတယ်။ ပူတာအို၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် စတဲ့ အေးတဲ့ဒေသနဲ့ တောတောင် ထူထပ်တဲ့ဒေသတို့မှာ ပေါက်ကြပါတယ်။ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနဲ့
တရုတ်တို့မှာလည်း ပေါက်ကြတယ်။ ရန်ကုန်၊ မန္တလေးတို့မှာတော့ ကုန်စိမ်းဈေးတို့မှာ တစ်ခါတရံ ရနိုင်ပါတယ်။ အရိုင်းပင်နဲ့ အယဉ်ပင် နှစ်မျိုးရှိပြီး အခုပုံမှာ မြင်နေရတာကတော့ စားရတဲ့ အယဉ်မျိုး ဖြစ်ပါတယ်။
ဍရင်ကောက်ပင်မှာ Antioxidant ဓါတ်၊ ဗီတာမင် A ဓါတ်နဲ့ Carotene ဓါတ်တို့ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပေးနိုင်ပါတယ်။
(၁) ဍရင်ကောက်ပင်ကို ကြော်စားခြင်း၊ ချက်စားခြင်း၊ သုပ်စားခြင်း၊ ဟင်းရည်ချက်စားခြင်းတို့ ပြုလုပ်ပေးလျှင် အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
(၂) မျက်စိနဲ့ပတ်သက်တဲ့ အမြင်အာရုံဆိုင်ရာ အကြောများကိုလည်း အားကောင်းစေပါတယ်။
(၃) အရေပြားနဲ့ပတ်သက်တဲ့ ကူးစက်ရောဂါအမျိုးမျိုးတို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၄) လေထဲကနေ ကူးစက်တတ်တဲ့ ဗိုင်းရပ်များကြောင့် ချောင်းဆိုး၊ လည်ချောင်းနာ၊ တုပ်ကွေး၊ အအေး စတဲ့ ရောဂါများကိုလည်း ခုခံ ကာကွယ်ပေးနိုင်ပါတယ်။
(၅) ပိုတက်စီယမ်ဓါတ်နဲ့ သံဓါတ်ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် နှလုံးကို အားကောင်းစေပြီး သွေးဖိအားကို ကျစေပါတယ်။ နှလုံးရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။
(၆) ရောင်ရမ်းမှုနဲ့ နာကျင်မှုတို့ကိုလည်း အမြန်ဆုံး သက်သာစေပါတယ်။ အနာကျက်လွယ်စေပါတယ်။
လူသားတိုင်း ကျန်းမာချမ်းသာကြပါစေ။


အပေါ်ကဆေးနည်းကို 
စာအုပ်လုပ်ပေးထားပါတယ်
လိုချင်တယ်ဆိုရင်အောက်လင့်မှာယူသွားလိုက်နော်.
စာအုပ်ဒေါင်းရန်--DOWNLOAD
Share:

Categories