ဆေးဖက်ဝင် ထိကရုံး၏ ဆေးအသုံးဝင်မှုများကို
"မှတ်စု" Page မှ စုစည်း ရှာဖွေ တင်ပြအပ်ပါသည်။
မျှဝေသိရှိ အသုံးချနိုင်ပြီး
ရောဂါဝေဒနာများ ပျောက်ကင်းကျန်းမာ စိတ်ချမ်းသာနိုင်ကြပါစေ။
ထိကရုံး
Common Name ------ Touch Me Not
Order:----------- Fabales
Family:---------- Fabaceae
Subfamily:------- Mimosoideae
Genus:---------- Mimosa
Species:--------- M. pudica
မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။သဘာဝ အလျောက် ပေါက်ရောက်သည်။
အပင်
ပင်ပျော့ ပင်ငယ်မျိုး ဖြစ်၏။ အရိုင်းပေါက်ပင် ဖြစ်၍ ဆူးရှိ၏။ အခက်အလက်များတွင် အမွေးကြမ်းများ ရှိ၏။ ရိုးတံ နီ၏။
အရွက်
ရှားရွက်ကဲ့သို့ သေးငယ်သည်။ ၃-၄ ခါ ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ထိခဲ့သော်
တွန့်ရှုံ့သွား၏။ ရွက်ညှာ မရှိသလောက် ဖြစ်၏။ ရွက်မြွာများသည် ကျဉ်းမြောင်း၍
ရှည်မျောမျော ပုံဖြစ်ပြီး ရွက်ပြား ပြောင်ချော၏။
အပွင့်
အပွင့်သေး၍ ပန်းရောင်ရှိသည်။ ပန်းခိုင်ထီးတည်း ထွက်၏။ ပန်းခိုင်ထိပ်တွင်
ပန်းပွင့်များ ဘောလုံးသဏ္ဌာန် စုပြုံပွင့်၏။ နန်းလုံးကြိုင်ပွင့်နှင့်
တူသည်။ ၀ါခေါင်၊ တော်သလင်းလ တွင် ပွင့်သည်။
အသီး
၁/၂ လက်မခန့် ရှည်၍ ပြား၏။ အနည်းငယ် အပေါ်သို့ ကွေး၏။ အသီးတွင် အစေ့ ၃-၄ စေ့ ပါ၏။ တန်ဆောင်မုန်း၊ နတ်တော်လ များတွင် သီးသည်။
မှတ်စု
Ref : Wikipedia. & မြန်မာ့ဆေးဖက်ဝင်အပင်များ
@@@@@@@@@@@@@@@@@@@@
Mimosa pudica[ထိကရုံး /hti ga yonn/n. sensitive plant.]
Mimosa pudica, is a creeping annual or perennial herb often grown for
its curiosity value: the compound leaves fold inward and droop when
touched or shaken, to protect them from predators, re-opening minutes
later. Wikipedia
Scientific name: Mimosa pudica
Higher classification: Mimosa
Rank: Species. (Soe Nyunt)
@@@@@@@@@@@@@@@@@@@
ထိကရုံးဖြင့်
ဝဲနှင်းခူ(အစို အခြောက်)နှင့်
အနာစိမ်းကြီးများကုနည်း
ဒီရောဂါ နှစ်မျိုးကိုမေးမြန်းသူများရှိသဖြင့်လွန်ခဲ့သော(၁၅) နှစ်
အထက်က ကုနည်းများကိုလိုအပ်သူများအတွက် တင်ပေးရခြင်းပါ။
ဝဲနှင်းခူ (အစို။အခြောက်) နှစ်ပေါင်း (၂၀။၃၀)ကြာသည်
ဖြစ်ပါစေ ရက်တိုတိုနှစ်ပျောက်သည်
ဆေးနည်းကတော့
ဥနှဲရွက် ဆေးရိုးရွက်
ဆီး ရွက် (ဇီးရွက်)
ထိကရုံး သုံးမျိုးမှ
ဥနှဲရွက် (၂) ဆ
ဆီးရွက် နှင့် ထိကရုံး ( ၁) ဆ
ခြောက်အောင်နေလှမ်း။သံပြားခံပြာချပါ။
ထိုပြာကို ရေနံချေး မရှိလျှင် အုန်းဆီ ရောမွှေပြီး နေ့စဉ်လိမ်းပေးပါ။ ရက်တိုတိုဖြင့်ပျောက်သည်။
#အနာစိမ်းကြီး။အဖုအကြိတ် ဆေးကုနည်းကတော့
သနပ်ခါးမြစ် (သွေးပြီး) ဟင်းစားဇွန်း (၁ )ဇွန်း
ဇတိပ္ပိုလ်သီးသွေးပြီး ( ၁ ) ဇွန်း
ပျားရည် ( ၅ )စက်ခန့် 
ထုံးနည်းနည်းထည့် (သွေးသည့်အခါရေဖြင့်သွေး)
အားလုံးရောမွှေ။ အနာပေါ်သို့ ( ၂) ရက်ခန့် လိမ်းပေးပါ။
အနာနုလျှင်ပျောက်သွားပြီး အနာရင့်လျှင် ပြည်ပေါက်သွားမည်။
မှတ်စု
Credit Nyunt Aung & အရှင်ပညာသီရိ
@@@@@@@@@@@@@@@@@@@@
ဆီးရောဂါနှင့် ကျောက်တည်ခြင်းများအတွက်"ထိကရုံး"
ဘုရားရှင် လက်ထက်တော်အခါက ဆေးဆရာကြီး ဖြစ်လာမယ့် ဆရာဇီဝက ကို သူ့ရဲ့
ဆရာဖြစ်သူကနေပြီးတော့"ဆေးဘက် မ၀င်တဲ့အပင်ကို ရှာခဲ့" ဆိုပြီး
ခိုင်းလိုက်ပါတယ်။ ဆရာဇီဝက လည်း ဒီအပင်ကို အရှာထွက်ခဲ့ပါတယ်။ သို့ပေမယ့်
အချိန်တွေသာ ကုန်သွားခဲ့ပါတယ်။ ဆရာကြီးဆီကိုတော့ဖြင့် လက်ချည်းဗလာသာ
ပြန်လာခဲ့ရဖူးပါတယ်။
ဒါဟာ "ဆေးဘက် မ၀င်တဲ့ အပင်" ဟူ၍ မရှိခြင်းကို ပြဆိုနေခြင်း ဖြစ်ပါ၏။ အခုလည်း ဆေးဘက်ဝင်တဲ့ အပင်တစ်မျိုးကို ညွှန်းဆိုချင်ပါတယ်။
သဘာဝကြီးက လက်ဆောင်အဖြစ် ပေးထားတဲ့အထဲမှာ အလေ့ကျ ပေါက်ရောက်နေတဲ့
အပင်များစွာ ရှိပါတယ်။ ဒီအပင်တွေမှာ ကိုယ်စီအစွမ်းသတ္တိတွေ ရှိကြပါတယ်။
ယုတ်စွအဆုံး လမ်းဘေးပေါက်နေတဲ့ မြက်ပင်တွေမှာတောင်မှ ဆေးဘက်ဝင်တဲ့
အစွမ်းသတ္တိတွေ ရှိနေပါတယ်။ ဒီလို အလေ့ကျ ပေါက်ရောက်တတ်တဲ့
အထဲမှာဆိုရင်"ထိကရုံး" ဆိုတဲ့ အပင်လည်း အပါအ၀င်ပါပဲ။
ထိကရုံးပင်ရဲ့ ပုံသဏ္ဌာန် ကို arogyamonline.com မှာ ဟောဒီလို ဖော်ပြပေးထားပါတယ်။
အပင်- ပင်ပျော့ ပင်ငယ်မျိုး ဖြစ်၏။ အရိုင်းပေါက်ပင် ဖြစ်၍ ဆူးရှိ၏။ အခက်အလက်များတွင် အမွေးကြမ်းများ ရှိ၏။ ရိုးတံ နီ၏။
အရွက်- ရှားရွက်ကဲ့သို့ သေးငယ်သည်။ ၃-၄ ခါ ငှက်မွေး ရွက်ပေါင်း ဖြစ်၍
ထိခဲ့သော် တွန့်ရှုံ့သွား၏။ ရွက်ညှာ မရှိသလောက် ဖြစ်၏။ ရွက်မြွာများသည်
ကျဉ်းမြောင်း၍ ရှည်မျောမျော ပုံဖြစ်ပြီး ရွက်ပြား ပြောင်ချော၏။
အပွင့်- အပွင့်သေး၍ ပန်းရောင်ရှိသည်။ ပန်းခိုင်ထီးတည်း ထွက်၏။
ပန်းခိုင်ထိပ်တွင် ပန်းပွင့်များ ဘောလုံးသဏ္ဌာန် စုပြုံပွင့်၏။
နန်းလုံးကြိုင်ပွင့်နှင့် တူသည်။ ၀ါခေါင်၊ တော်သလင်းလ တွင် ပွင့်သည်။
အသီး- ၁/၂ လက်မခန့် ရှည်၍ ပြား၏။ အနည်းငယ် အပေါ်သို့ ကွေး၏။ အသီးတွင် အစေ့ ၃-၄ စေ့ ပါ၏။ တန်ဆောင်မုန်း၊ နတ်တော်လ များတွင် သီးသည်။
ပျောက်စေ အကယ်၍ မိတ်ဆွေတို့မှာ ဆီးလွန်ရောဂါ ဖြစ်နေပါက ထိကရုံးအရွက်ကို
ကြိတ်ပြီးတော့ ဆီးခုံပေါ်မှာ အုံပေးလိုက်ရင် ပျောက်စေနိုင်ပါတယ်။
မြင်းသရိုက်၊ လိပ်ခေါင်း ရောဂါများ အတွက်ဆိုရင် ထိကရုံးအရွက်ကို
အမှုန့်ဖြစ်အောင် လုပ်ပြီး နို့နဲ့ တွဲသောက်ပေးပါက ပျောက်စေနိုင်ပါတယ်။
မိတ်ဆွေတို့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အနာတွေပေါ်မှာ ထိကရုံးအမြစ်ကို
သွေးပြီး လိမ်းပေးလိုက်ပါက အမြစ်များ ထွက်လာစေနိုင်ပါတယ်။
ထိကရုံးအမြစ်ကို ပြုတ်ပြီးသောက်ပေးပါက ဆီးအိမ်မှာ ဖြစ်တည်နေတဲ့
ကျောက်တွေကို ပျော်ပြီး ကွဲကျသွားစေနိုင်ပါတယ်။ ထိကရုံး ပဉ္စငါးပါး (အခေါက်၊
အရွက်၊ အသီး၊ အပွင့်၊ အမြစ်) တို့ကို ကြိတ်ပြီး ရေနဲ့ဖျော်လူးပေးပါက
ဖောရောင်ခြင်းကို ပျောက်စေနိုင်ပါတယ်။
အနာဖြစ်ပြီး ရောင်အမ်းနေတယ်ဆိုရင် ထိကရုံး ပဉ္စငါးပါး (အခေါက်၊ အရွက်၊ အသီး၊
အပွင့်၊ အမြစ်) တို့ကို ကြိတ်ပြီး ရရှိလာတဲ့ အရည်ကို ကြက်တောင်နဲ့
သုတ်လိမ်းပေးပါက ပျောက်စေနိုင်ပါတယ်။ သွေးအန်၊ သွေးကျ ၀မ်းရောဂါ၊ ပန်းနာ၊
အားတိုးဆေးများ အဖြစ်လည်း ထိကရုံးကို ဖော်စပ် အသုံးပြုကြပါသေးတယ်။
မှတ်စု
Source : RrogyamOnline
@@@@@@@@@@@@@@@@@@@@@@
ထိကရုံး အစွမ်း နှင့် ဆီး ရောဂါ
၁။ထိကရုံး ၏ အရွက် အမြစ် ပဉ္စ ငါး ပါး လုံး ကို အသုံး ပြု နိုင် သည်။
၂။
အရသာ ။ ဖန် ခါး အရသာ
သတ္တိ ။အေး သော သတ္တိ
သလိပ် သည်း ခြေ ကို နိုင် ၏။အရွက် ကို ကြိတ်၍ ဆီး ခုံ ၌အုံ ပေး လျှင် ဆီး လွန် ရော ဂါ ပျောက်၏။
မြင်း သ ရိုက် လိပ် ခေါင်း ရော ဂါ အတွက် အရွက် ကို အ မှုန့်ပြုကာ နို့ နှင့်  သောက် ပေး လျှင် သက် သာ သည်။
၃။
ထိကရုံး အပင် ၏
အ မြစ် ကို သွေး ၍ လိမ်း ပေး လျှင် အနာ မှ အ မြစ် များ ထွက် လာ စေ သည်။
ထိကရုံး မြစ် ကို ပြုတ် သောက် ပါက ဆီး အိမ် ၌တည် သော ကျောက် ကို ပျော် ၍ ကွဲကြေ စေ သည်။
၎။
ပဉ္စငါး ပါး ကို ကြိတ် ၍ ရေ နှင့် ဖျော်လူး ပါ က ဖော ရောင် ခြင်း ကို လျှော့ကျ စေ သည်။
ရောင် အမ်း သော နေရာ တွင် ကြက် တောင် နှင့် သုတ် လိမ်း ပေး ပါ က ရောင် အမ်း ခြင်းသက်သာ ၏။
၅။
သွေး အန် ခြင်း သွေးကျ ခြင်း ဝမ်း ရော ဂါ ပန်း နာ တို့ သက် သာ စေ ၏။
၆။
ထိကရုံး တွင် ကုန်း ထိကရုံး နှင့် ရေထိကရုံး ဟူ ၍ ရှိ ၏။
ကုန်း ထိကရုံး ပဉ္စငါး ပါး ကို ကျို၍ သကြား နှငိ့ သောက် ပါ က သွေး အန် သွေး ကျ ဝမ်း သက် ရော ဂါ သက် သာ စေ သည်။
၇။
ထိကရုံး အမြစ် ကို ပြုတ် သောက် ခဲ့သော်
သည်း ခြေ ဒေါသ လွန် ၍ ဖြစ် သော ကျောက် တည် ရော ဂါ ကို ပျော် ၍ကွဲကျစေ သည်။
ဆီး ပူ ဆီး အောင့် ဖြစ်ပါက ထိကရုံး ပဉ္စငါး ပါး ကို အ ခြောက် ပြု၍ လက် ဖက် ခြောက် ကဲ့သို့  ပြ လုပ် ၍ သောက် ရာ ၏။
မှတ်စု
Credit To: မြန်မာ့ တိုင်း ရင်း ဆေးGROUP
@@@@@@@@@@@@@@@@@@
ထိကရုံးကို အသုံးပြုပုံ (၅) မျိုး
===================
===================
၁ - အရွက်ကို ကြိတ်ပေးပြီးဆီးခုံမှာ အုံပေးရင် ဆီးလွန်ရောဂါပျောက်ပါတယ်။
၂ - မြင်းသရိုက်လိပ်ခေါင်းဖြစ်နေသူတွေဟာ အရွက်ကို အမှုန့်လုပ်ပြီး နို့နဲ့သောက်ရင် ပျောက်ပါတယ်။
၃ - အမြစ်ရှိတဲ့အနာတွေကို ထိကရုံးမြစ်ကို သွေးပြီးလိမ်းရင် အမြစ်ထွက်လာစေပါတယ်။
၎ - အမြစ်ကို ပြုတ်သောက်ရင် ဆီးမှာ ကျောက်တည်တာတွေ ကြေစေပါတယ်။
၅ - ရောင်ရမ်းနေတဲ့အနာတွေကို ထိကရုံးပဉ္စငါးပါးကြိတ်ပြီး ရလာတဲ့ အရည်ကို
လိမ်းပေးရင် ရောင်ရမ်းနေတာတွေ ပျောက်ပါတယ်။ ဖောရောင်နေတာတွေကိုလည်း
လိမ်းပေးလို့ရပါတယ်။ (Duwun)
@@@@@@@@@@@@@@@@
ဆေးဖက်ဝင် ထိကရုံး ၏ ဆေးအသုံးဝင်မှုများကို
"မှတ်စု" Page မှ စုစည်း ရှာဖွေ တင်ပြအပ်ပါသည်။
မျှဝေသိရှိ အသုံးချနိုင်ပြီး
ရောဂါဝေဒနာများ ပျောက်ကင်းကျန်းမာ စိတ်ချမ်းသာနိုင်ကြပါစေ။
အပေါ်ကဆေးနည်းကို
စာအုပ်လုပ်ပေးထားပါတယ်
လိုချင်တယ်ဆိုရင်အောက်လင့်မှာယူသွားလိုက်နော်.
စာအုပ်ဒေါင်းရန်--DOWNLOAD