ပိန္နဲသီးထဲမှာ potassium ပါဝင်မှူကြောင့် body blood pressure ကို 
ကောင်းကောင်းထိန်းပေးထားပါတယ်။ ရုတ်တရက် သွေးအား တက်ချင်းကျချင်း 
ကောင်းကောင်း ထိန်းပေးထားနိုင်ပါတယ်။
 ပိန္နဲသီးအမြစ်မှ ထုတ်ထားတဲ့ အဆီဟာ ၀မ်းလျှောဝမ်းကိုက်ရောဂါကို 
ပျောက်ကင်းစေပါတယ်။ ပိန္နဲသီးအမြစ်ဟာ 
ပန်းနာရင်ကျပ်ရောဂါကိုလည်းပျောက်ကင်းစေနိုင်ပါတယ်။ ပိန္နဲသီးထဲမှာပါဝင်တဲ့ 
isoflavones , antioxidants and phytonutrients ဓါတ်တွေဟာ ကင်ဆာရောဂါကို 
တိုက်ဖျက်နိုင်တဲ့
အစွမ်းသတ္တိတွေရှိပါတယ်။
ပိန္နဲသီးဟာ ဆိုရင် ခန္မာကိုယ်တွင်းမှာပေါက်တက်တဲ့ 
ဖက်ခွက်နာပြည်တည်နာစတဲ့ရောဂါ တွေနဲ့ အစာမကျေဖြစ်ချင်းကို 
လည်းကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပိန္နဲသီးဟာ အရွှယ်မတိုင်ခင်
 အိုမင်းရင့်ရော်ခြင်းကိုလည်း ထိရောက်စွာကာကွယ်ပေးပါတယ်။
ခန္မာ ကိုယ်ထဲက ဆဲလ်တွေတဖြည်းဖြည်းယိုယွင်းပျက်စီးမှူမှ ကာကွယ်ပေးပီးအသားအရေဟာ နုပျိုပီး
အရိုးတွေ ကိုအလွယ်တကူ ကျိုးချင်းမှ ကာကွယ်ပေးပါတယ်။ ပိန္နဲသီးဟာ 
ခန္မာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ protein (အသားဓါတ်) ၊ 
carbohydrates(ကစီဓါတ်) ၊ minerals(သတ္တုဓါတ်) တို့ကိုလည်း 
အမြောက်အမြားထောက်ပံ့ပေးပါတယ်။
ပိန္နဲသီးဟာ စိတ်ဖိစီးမှု ၊ စိတ်လှုပ်ရှားမှုတို့ကိုလည်း 
ကောင်းကောင်းပျောက်ကင်းစေပါတယ်(စိတ်ကျေနပ်မှူရစေပါတယ်) ။ ပိန္နဲသီးပါဝင်တဲ့ 
calories နဲ့ fat တွေဟာ အလွန်နည်းတဲ့ အတွက်ခန္မာ ကိုယ်အလေးချိန် 
လျှော့ချချင်သူတွေအတွက် အထူးကောင်းမွန်ပါတယ်။
ပိန္နဲသီး ကိုပုံမှန်စားသုံးချင်းဖြင့် ၀မ်းချူပ်ခြင်းဝေဒနာကိုလည်း 
ပျောက်ကင်းစေပါတယ်။ နောက်ဆုံးတစ်ခု အနေနဲ့ကတော့ ပိန္နဲသီးရဲ့ အမြစ် ဟာ အရေ 
ပြားပေါ်မှာဖြစ်တက်တဲ့ရောဂါ တော်တော်များများကိုပျောက်ကင်းစေပါတယ်။ ပိန္နဲသီး
 ထဲမှာပါတဲ့ vitamin ဟာ မျက်လုံးအတွက်အလွန်ကောင်းစေပါတယ်။
ပိန္နဲသီး ကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ၊ ဆီးချိုရောဂါသည်တွေ ၊ 
အစာအိမ်ရောဂါသည်တွေ အနေနဲ့ အလွန်အကျွံ မစားသင့်ပါဘူးအဲ့လိုစားမယ်ဆိုရင်တော့
 အစာကိုချေဖြတ်ပေးတဲ့ acid ဓါတ်ဟာ တဖြည်းဖြည်း တိုးလာပီးအစာအိမ် 
သွေးကြောပေါက်ခြင်းတွေဖြစ်တက်ပါတယ်။ ထို့ အပြင် အမျိုးသမီးများ ဓမ္မတာ 
လာစဉ်မှာလည်း မစားသင့်ပါဘူး။ estrogen hormone ကိုပျက်စီးစေနိုင်ပါတယ်။
အပေါ်ကဆေးနည်းကို 
စာအုပ်လုပ်ပေးထားပါတယ်
လိုချင်တယ်ဆိုရင်အောက်လင့်မှာယူသွားလိုက်နော်.
စာအုပ်ဒေါင်းရန်--DOWNLOAD 






