တမာလိုမခါးနဲ့လို့ကြားဖူးတယ်...ခါးပေမဲ့
ဆေးဘက်ဝင်သတဲ့...စားတမာနဲ့..ခါးတမာ
ဆိုတာတော့မသိဘူး..တမာပင်လို့ပဲသိတာပါ..
ကျန်းမာရေး အထောက်အကူပြု တမာရွက်နု
ခိုင်မီမီကို ( ရေစကြို )
ယခုရာသီအချိန် ဆောင်းအကုန် နွေအကူး ကာလသည် တမာရွက်နု လေးများ ပေါ်ထွက်ချိန် 
ဖြစ်သည်။ အညာနှင့်တမာ သည် ခွဲခြား၍ မရပါ။ တမာပင် များသည် များသောအားဖြင့် 
အညာမြေတွင် ပေါက်ရောက် တတ်သော အပင်မျိုး ဖြစ်သည်။ တမာရွက်တွင် စားတမာနှင့် 
ခါးတမာဟူ၍ နှစ်မျိုး ရှိသည်။ စားတမာသည် ယခုရာသီတွင် အဖူးနှင့် အရွက်နုများ 
ရော၍ ထွက်သည်။ ခါးတမာသည် စားတမာထက် တစ်လခန့်နောက်ကျပြီးမှ ရွက်နု 
ထွက်တတ်သည်။ တမာရွက်သည် လူတို့၏ ကျန်းမာရေးကို များစွာ အထောက်အကူပြု 
သောကြောင့် တမာရွက် ပေါ်ချိန်တွင် စားသုံးသင့်သည်။ တမာသည် 
လူတို့ခန္ဓာကိုယ်ကို အထောက်အကူ ပြုရုံသာမက လွန်ခဲ့သော နှစ်ပေါင်း ၄၅ဝဝ ခန့်က
 တမာရိုးတံ များကို သွားတိုက်တံ အဖြစ် အသုံးပြု ခဲ့ကြသည်။ ၁၉၂ဝ 
ပြည့်နှစ်မှစပြီး တမာဆိုင်ရာ သုတေသန လုပ်ငန်းများကို အိန္ဒိယ ပညာရှင်များက 
စတင်စမ်းသပ် လေ့လာခဲ့ကြသည်။ 
၁၉၅၉ ခုနှစ်တွင် ဆူဒန်နိုင်ငံ၌ ကျိုင်းကောင် ကပ်ဆိုက်ရောက် နေစဉ်တွင် 
ဂျာမန်လူမျိုး ပညာရှင် HESinrich Schm CttESrES ဆိုသူသည် အဆိုပါနိုင်ငံ၌ 
တာဝန်ထမ်းဆောင် နေချိန် ဖြစ်သည်။ စိမ်းလန်းသော သစ်ပင်ကြီးများ၊ ယာခင်းများ၊
 စပါးခင်းများ၊ ဂျုံခင်းများ အားလုံးအပေါ် ထောင်ပေါင်း များစွာသော 
ကျိုင်းကောင်အုပ်ကြီး ကျရောက် ဖျက်ဆီးခြင်း ခံရသည်။ တမာပင်တန်း ပေါ်သို့ 
ကျိုင်းကောင်အုပ်ကြီး ကျရောက်သော်လည်း တမာပင်များကို စားသောက် ဖျက်ဆီးခြင်း
 မပြုသည်ကို HESinrich Schm CttESrES သတိထား မိလိုက်သည်။ ထိုအချိန်မှ စ၍ 
HESinrich Schm CttESrES နှင့်သူ၏ တပည့်များသည် တမာစေ့နှင့် တမာရွက်များကို
 နှစ်ပေါင်း သုံးဆယ်ခန့် အပြင်းအထန် ဓာတ်ခွဲစမ်းသပ် လေ့လာခဲ့ ကြသည်။ ၁၉၆၂ 
ခုနှစ်တွင် အိန္ဒိယ သိပ္ပံပညာရှင် သုံးဦးတို့၏ စမ်းသပ် လေ့လာမှုများ 
ပေါ်ထွက်လာ ပြီးနောက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ သိပ္ပံပညာရှင် များ၏ တက်ကြွသော 
တမာ သုတေသန လုပ်ငန်းများစွာ သိပ္ပံလောကတွင် ပေါ်ပေါက် လာခဲ့သည်။ တမာသည် 
ဗိုင်းရပ်စ်ပိုး များကို ကာကွယ်နှိမ်နင်း နိုင်သည်။
၁၉၉၃ခုနှစ်တွင် Robert Larson ဆိုသူ အမေရိကန် သိပ္ပံပညာရှင်၏ 
ဓာတ်ခွဲခန်းအတွင်း စမ်းသပ်မှု တစ်ခု၌ တမာတွင် ပါဝင်သော ဓာတ်ပေါင်း တို့သည် 
HIV/ AIDS ဗိုင်းရပ်စ်ပိုးများ သေစေနိုင်သည်ကို တွေ့ရှိထားသည်။ တမာတွင် 
ပါဝင်သော ဓာတ်ပေါင်းများသည် ဗိုင်းရပ်စ် မျိုးစိတ်ပေါင်း များစွာတို့အပေါ် 
အကျိုး သက်ရောက်မှု ရှိသည်။ ဗိုင်းရပ်စ်ပိုးများ ပွားများမှုကို 
ဟန့်တားနိုင်ခြင်း၊ သေကျေပျက်စီး စေခြင်းဖြင့် ကာကွယ်နှိမ်နင်း နိုင်သည်။ 
တမာတွင် ပါဝင်သော ဓာတ်ပေါင်းတို့သည် ဗက်တီးရီးယား ပိုးမျိုးစိတ် 
များစွာတို့အပေါ် ထင်ရှားစွာထိ ရောက်မှုရှိသည်။ တမာတွင် ပါဝင်သော 
Polysappharides များသည် ခုခံအားစနစ် ကိုလည်း တိုးတတ်ကောင်းမွန် စေသည်။ 
ရေတွင်ပျော်ဝင် နိုင်သော တမာရွက် အဆီအနှစ် များသည် ခုခံအားစနစ်တွင် 
အရေးပါသော CD4 cERrs; haESmomlobin နှင့် platEIES များ တိုးတတ်လာကြောင်း 
၁၉၉၃ ခုနှစ်က အိန္ဒိယ သိပ္ပံပညာရှင် Parasad က တွေ့ရှိထားသည်။ 
တမာတွင် ပါဝင်သော ဓာတ်ပေါင်းတို့သည် အကြောများကို ပျော့ပျောင်းစေပြီး 
ကျုံ့နိုင်ကျယ်နိုင် စေခြင်း၊ သွေးကို အောက်ဆီဂျင် ပို့ပေးခြင်း ၊ 
သွေးကြောအတွင်း သွေးမခဲစေရန် ဟန့်တားပေးခြင်း၊ သွေးတွင်းအဆီ ကိုလက်စထရော 
များကို နည်းစေခြင်း၊ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေခြင်း ဖြင့် 
သွေးဖိအားကို ပုံမှန်အခြေအနေထိ ကျဆင်းစေသည်။ စိတ်ဖိစီးမှု လျော့နည်းစေပြီး 
သွေးတွင်း သကြားဓာတ် ကိုလည်း သိသိသာသာ ကျဆင်းစေသည်။ နှလုံး သွေးကြောကျဉ်း 
ရောဂါကိုလည်း များစွာ အထောက်အကူပြု စေပါသည်။
ဒန္တီမှာဆား ဝမ်းမှာခါး ဆိုသည့် ရှေးရိုးစကား ရှိသည့်အတိုင်း တမာရွက် 
စားခြင်းအားဖြင့် ရရှိနိုင်သော ကျန်းမာရေး ကောင်းကျိုးများမှာ 
များပြားလှသည်။ တမာရွက်၏ အစွမ်းသတ္တိ များမှာ အက်စပရင် နှင့် ဂုဏ်သတ္တိ 
တူညီသော ဓာတ်ပေါင်းတစ်မျိုး ပါဝင်သောကြောင့် နာကျင် ကိုက်ခဲခြင်းကို 
သက်သာစေသည်။ စိတ်ဖိစီးမှုကို သက်သာစေပြီး အိပ်မပျော်သော ရောဂါများကို 
သက်သာစေသည်။ gram-positivES နှင့် gram-negativES ဗက်တီးရီးယားများ၊ 
ဆေးယဉ်ပါး နေသော တီဘီပိုးများနှင့် ဆေးယဉ်ပါး ငှက်ဖျားပိုးများကို 
နှိမ်နင်းနိုင်သည်။ ပွေး၊ ဝဲ၊ ယားနာ၊ နှင်းခူအစို အခြောက်၊ အနာစက်၊ အနာကြီး
 စသော ရောဂါများကို ထိရောက်စွာ ကုသနိုင်ကြောင်း သိရသည်။ အဖျားရောဂါ 
အမျိုးမျိုးနှင့် ဝမ်းပျက်၊ ဝမ်းလျော၊ ဝမ်းကိုက်ရောဂါ အမျိုးမျိုးကို 
ထိရောက်စွာ ကုသနိုင်သည် ဟုလည်း သိရသည်။ ထိုကဲ့သို့ ကျန်းမာရေး 
ကောင်းကျိုးများစွာ ရရှိသော တမာရွက်ကို ပေါ်ချိန်များတွင် စားသုံး 
ပေးသင့်သည်။ 
ရေစကြိုမြို့သည် အညာမြေ ဖြစ်သောကြောင့် တမာပင်များစွာ ပေါက်ရောက်သော 
ဒေသဖြစ်သည်။ ယခုအချိန်သည် တမာရွက်နု များကို ခူးပြီးပြုတ်ကာ ဈေးတွင် 
ရောင်းချ နေကြသည်။ ထိုတမာ ရွက်နုပြုတ် လေးများကို အနည်းဆုံး ငွေကျပ် ၂ဝဝ 
ဖိုး သုံးစည်းနှုန်းဖြင့် ရောင်းချသည်။ အခြားမြို့ များသို့ တင်ပို့ 
ရောင်းချ ရာတွင်လည်း ကြာရှည်ခံ စေရန် တမာရွက်ချဉ် လုပ်၍ တင်ပို့ 
ရောင်းချကြသည်။ ကျန်းမာရေး အထောက်အကူ ပြုသော တမာရွက်ကို အခါး မကြိုက်သော 
သူများ အနေဖြင့်လည်း ဆေးဖြစ် ဝါးဖြစ် လူတိုင်း စားသုံးပေးသင့် ပါကြောင်း 
ရေးသားတင်ပြ လိုက်ရပါသည်။
အပေါ်ကဆေးနည်းကို 
စာအုပ်လုပ်ပေးထားပါတယ်
လိုချင်တယ်ဆိုရင်အောက်လင့်မှာယူသွားလိုက်နော်.
စာအုပ်ဒေါင်းရန်--DOWNLOAD 






