ကမ္ဘာအသိအမှတ်ပြုထားတဲ့ ပန်းသီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ဆောင်ပုဒ်ကို လူတိုင်း သိကြမှာပါ။
ပန်းသီးရဲ့ ဆေးဖက်ဝင်အစွမ်းထက်မူတွေကတော့…..
ပန်းသီးမှာ ကွာစီတင်လို့ ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဓာတ် များစွာ ပါဝင်နေတာကြောင့် ဦးနှောက် ဆဲလ်ပျက်စီးအိုမင်းမူကို ကာကွယ်ပေးပြီး ဦးနှောက်အာရုံကြောတွေကို လန်းဆန်းစေတဲ့ သတ္တိကြောင့် အယ်လ်ဇိုင်းမားရောဂါကို ကုသရာမှာ အကောင်းဆုံးသီးနှံ ဖြစ်ပါတယ်။
ပန်းသီးမှာ ဆဲလ်လူးလို့စ်၊ ကာဗိုဟိုက်ဒရိတ်၊ သံဓာတ်၊ သတ္တုဓာတ်၊ မီးစုန်းဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ ဗီတာမင်စီ၊ တာတာရစ်အက်စစ်၊ ပက်ပ်တင်၊ စစ်ထရစ်အက်စစ်နဲ့ ခရိုမီယမ်ဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။
ဒါ့အပြင် အမျှင်ဓာတ်ပမာဏများစွာ ပါဝင်နေပြီး ဖလေဗိုနွိုက်ပါဝင်နေတာကြောင့် အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါနဲ့ လေဖြတ်တာကို လျော့နည်းစေပါတယ်။
နေ့စဉ် ပန်းသီးတစ်လုံး ပုံမှန်စားပေးခဲ့ရင် သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ သုတေသနပြု လေ့လာချက်တွေအရ တွေ့ရှိထားပြီး ပက်ပ်တင်ပါဝင်နေတာကြောင့် သွေးတွင်းအဆီဓာတ်တွေကို ထိန်းချုပ်ပေးနိုင်တာ ကိုလက်စထရောအဆင့်ကို ကျဆင်းစေပါတယ်။
ပန်းသီးအခွံမှာ ပက်ပ်တင် ကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် ပန်းသီးကို ရေသေချာစင်ကြယ်အောင် ဆေးကြောပြီး အခွံပါ စားသင့်ပါတယ်။
ဆေးသိပ္ပံသုတေသန တွေ့ရှိချက်တွေအရ နေ့စဉ် ပန်းသီး တစ်လုံး ဒါမှမဟုတ် မနက်/ ည တစ်လုံးစီ စားပေးသူတွေဟာ နှလုံးရောဂါနဲ့ သွေးကြောပိတ်ဆို့မူတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ပန်းသီးတစ်နေ့ တစ်လုံး ခြောက်လကြာ စားသုံးသူတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ ကိုလက်စထရော လေးပုံတစ်ပုံ သိသာစွာ လျော့ကျပြီး လိုင်ပိုပရိုတင်းကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ လိုင်ပိုပရိုတင်းဟာ သွေးလွှတ်ကြော အတွင်း နံရံတစ်လျှောက်ကို အဆီချိုးတက်လာစေတဲ့အတွက် ထူလာပြီး မာကျောလာတာကြောင့် အသက်အန္တရယ်ကို ဒုက္ခပေးနိုင်တဲ့ နှလုံးနဲ့ ဦးနှောက်အတွင်း သွေးခဲမူကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။
ပန်းသီးဟာ ခန္ဓာကိုယ်အတွင်း မလိုလားအပ်တဲ့ လေ၊ အညစ်အကြေး၊ အဆီပိုတွေကို မစင်အဖြစ်နဲ့ ခန္ဓာကိုယ် ပြင်ပကို ထုတ်ပေးနိုင်တဲ့အတွက် ၀မ်းချုပ်တာ၊ အူမကြီး ကင်ဆာနဲ့ မြင်းသရိုက် လိပ်ခေါင်းရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ၀မ်းချုပ်နေသူတွေအနေနဲ့ ညအိပ်ရာဝင်ခါနီး နာရီဝက် အလိုမှာ ပန်းသီးတစ်လုံးကို ညစဉ် စားသုံးပေးပါက ၀မ်းမှန်စေပါတယ်။
ပျိုမေတို့အတွက် ပန်းသီးရဲ့ အကျိုးပြုပုံတွေကတော့……
မီးယပ်သွေးဆုံးချိန်မှာ ဖြစ်စေတတ်တဲ့ ပြသာနာတွေအတွက် အကျိုးပြုပါတယ်။ သွေးဆုံးပြီးချိန်မှာ သွေးတွင်းအဆီ စုပုံလာတာကို ပန်းသီးက သိသာထင်ရှားစွာ လျော့နည်းစေပါတယ်။ ဟော်မုန်း အပြောင်းအလဲကြောင့် ရေဓာတ်လျော့နည်းတာ၊ အသားအရေဖျော့တော့ပြီး ပူတာ၊ အသားအရေနီမြန်းတာ၊ မိန်းမကိုယ်ခြောက်သွေကတာတွေကို တစ်နေ့ ပန်းသီးနှစ်လုံး စားပါက သက်သာစေနိုင်ပါတယ်။
ပန်းသီးနဲ့ ရှားစောင်းလက်ပပ်နှစ်မျိုးကို ရောကာ ဖျော်ရည်အဖြစ် သောက်ပေးပါကလည်း သက်သာနိုင်ပါတယ်။
အသားအရေအဆီပြန်တာ၊ ၀က်ခြံ၊ တင်းတိပ်ထွက်တာ၊ ပါးရေတွန့်တာ၊ အရေပြားခြောက်သွေ့တာတွေ အတွက် ပန်းသီးတစ်လုံးနဲ့ ရှားစောင်းလက်ပပ် အတွင်းသားကို ဆတူရောမွှေပြီး ပျားရည် စားပွဲဇွန်း သုံးဇွန်းထည့်ကာ မျက်နှာနဲ့ တစ်ကိုယ်လုံး လိမ်းပြီး နာရီဝက်အကြာမှာ ရေအေးနဲ့ ပြန်လည်ဆေးကြောပေးပါက ချောမွေ့ နူးညံ့ပြီး တင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
ပျိုမေတို့ မီးယပ်အဖြူဆင်းပြီး ပူလောင်တာကို သက်သာစေဖို့ ပန်းသီးတစ်လုံးကို ဒိန်ချဉ်နဲ့ ဆတူရောကာ ကြိတ်ခြေပြီး ဒိုပါလာသကြားခဲ သင့်ရုံထည့်သောက်ပေးနိုင်ပါတယ်။
ပန်းသီးအစေ့မှာ အဆိပ်သင့်စေတဲ့ ဓာတ်ပေါင်းများစွာ ပါဝင်နေတဲ့အတွက် ပန်းသီးအစေ့ကို မစားမိအောင် သတိထားသင့်ပါတယ်။
အပေါ်ကဆေးနည်းကို
စာအုပ်လုပ်ပေးထားပါတယ်
လိုချင်တယ်ဆိုရင်အောက်လင့်မှာယူသွားလိုက်နော်.
စာအုပ်ဒေါင်းရန်--DOWNLOAD