ကြက်သွန်ဖြူမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။
ကြက်သွန်ဖြူဟာ ဆေးဖက်ဝင် အစားအစာတစ်ခုဖြစ်တာကြောင့် ဟင်းခွက်တော်တော်များများမှာ ပါဝင်နေတာဖြစ်ပါတယ်။
ဆေးနည်းပေါင်းများစွာတို့မှာလည်း ကြက်သွန်ဖြူက ပါဝင်ထားပါတယ်။
(၁) ကြက်သွန်ဖြူကို ပုံမှန်စားသုံးသူဟာ ကိုယ်ခံအားကောင်းနေသည့်အတွက် အလွယ်တကူ ကူးစက်တတ်သည့် ရောဂါများ မကူးစက်နိုင်ပါ။
(၂) အစားအသောက်များစွာထဲမှာ ပါဝင်နေတဲ့ ဓါတုဗေဒအဆိပ်များကိုလည်း
ပြေစေပါတယ်။
(၃) ကြက်သွန်ဖြူသည် ကင်ဆာဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးတို့၏
ဘေးထွက်ဆိုးကျိုးများကို သက်သာစေနိုင်ပါတယ်။
(၄) ကင်ဆာဓာတုကုထုံးများနှင့် ဓါတ်ရောင်ခြည်ကုထုံးများကြောင့်
ဖြစ်ပေါ်လာသည့် သွေးဖြူလျှော့ကျသည့် ပြဿနာများကို ကြက်သွန်ဖြူ စားသုံးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
(၅) ကင်ဆာဝေဒနာရှင်များအနေဖြင့်လည်း ကြက်သွန်ဖြူနှင့် ကြက်သွန်ဖြူအဆီအား
အားဖြည့်ဓါတ်စာအဖြစ် စားသုံးပေးပါက သက်သာကောင်းမွန်လာစေနိုင်ပါတယ်။
(၆) ကြက်သွန်ဖြူသည် ကင်ဆာ၊ လေးဖက်နာ၊ ဆီးချို၊ အဆုတ်နာ၊ အအေးမိဖျားနာ စသည့်ရောဂါများကိုလည်း ကာကွယ် တားဆီးပေးနိုင်ပါတယ်။
ကြက်သွန်ဖြူကို အခွံခွါပြီး၊ ခွဲခြမ်းပြီး ၁၀ မိနစ်ခန့် လေသလပ်ထားပြီးမှ စားသုံးပါလျှင် ပိုမိုအစွမ်းကြောင်း သိရပါတယ်။
အပေါ်ကဆေးနည်းကို
စာအုပ်လုပ်ပေးထားပါတယ်
လိုချင်တယ်ဆိုရင်အောက်လင့်မှာယူသွားလိုက်နော်.
စာအုပ်ဒေါင်းရန်--DOWNLOAD